Tuesday, August 30, 2011

ရည်းစားထားနည်း

ရေးသားသူ..
ပိုင်စိုးကိုကို




(၁)

မင်းချစ်သူုဟာ

သူ့ ရည်းစားဟောင်းအကြောင်း ပြောရရင် သိပ်ပျော်မယ်။

သူ့ ကိုဟိုကဘယ်လောက်သဘောကျကြောင်း

ဘယ်လို တမ်းတမ်းစွဲဖြစ်ကြောင်း

ဘယ်ာထိ အောက်ကျခံကြောင်း

တွေပြောလိမ့်မယ်။




တစ်ခုမှမဟုတ်ဘူး၊ မယုံနဲ့ ။

သဝန်လည်းတိုမနေနဲ့ 

အဲဒါ သက်သက်ကြွားတာ ....

သူ့ ကိုသူတန်ဖိုးမြင့်တာလဲပါတယ်။




မင်းက

အံ့သြသလိုလို၊ နည်းနည်းလဲသဝန်တိုသလိုလို

မျက်နှာပေးနဲ့  နားထောင်ပါ။

ဒါဆိုသူ သိပ်ကျေနပ်လိမ့်မယ်။





(၂)



မင်းချစ်သူရဲ့  မိဘတွေကို

ရဲရဲတင်းတင်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ။

သိပ်လည်းမရောနဲ့ ၊သိပ်လည်းမစိမ်းနဲ့ ။



မင်းတစ်ခု သတိထားရဖို့ က

မင်းနဲ့ ဘယ်လောက်ပဲ ရင်းနှီးသွားသွား

ဒါဟာ သူတို့ အတွက်

မင်းကို အကဲခတ်ဆဲကာလပဲဖြစ်တယ်။

အနေအထိုင် ဆင်ခြင်ပါ။





(၃)



မင်းချစ်သူ က

မင်းအကျင့်တွေ တော်တော်များများကို

ဟိုဟာမကြိုက်ဘူး၊ ဒါမကြိုက်ဘူး

ပြောလိမ့်မယ်။



အဲဒီထဲက မင်းလဲ မကြိုက်တာတွေကို

စွန့် ပစ်လိုက်ပါ။



မပြင်နိုင်တာတွေကို မသိချင်ယောင်ဆောင်လိုက်၊

ဆက်ပြောရင်လည်း

နားမလည်ချင်ယောင်ဆောင်လိုက်

ကြာရင် ပြောဖို့ တောင် သူမေ့သွားရော။






(၄)



မင်းချစ်သူက

မင်းနဲ့ ဘာသာမတူရင်

သူနဲ့ 

ဘာသာရေးအကြောင်းဘယ်တော့မှ မပြောနဲ့ ။



မင်းရဲ့  ဘာသာရေးဆိုင်ရာ

နေရာတွေ၊ ပွဲလမ်းတွေကို

ဘယ်တော့မှ

သူ့ ကိုခေါ်မသွားနဲ့ ။





(၅)



ချစ်ကြပြီး သိပ်မကြာခင်မှာပဲ



မင်းဘဝမှာ သူ့ ကိုအချစ်ပဲ ...တို့ 

သူကလွဲလို့  မချစ်နိုင်တော့ဘူး...တို့ 

မကြာခင် လက်ထပ်တော့မယ်....တို့ 

လျှောက်မပြောပါနဲ့ 



ခဏစောင့်ကြည့်ပါဦး။





(၆)



ချစ်သူဘဝဆိုတာ...

တစ်ယောက်ရဲ့  အကျင့်ကို တစ်ယောက်

အသေးစိတ်လေ့လာစရာ အချိန်ပဲ၊



အသေးမွှားဆုံးထိလေ့လာပါ

မျက်စိရှင်ရှင်ထားပါ၊ အကင်းပါးပါ။





(၇)



မင်းချစ်သူရဲ့ 

အစ်ကိုတွေ၊ မောင်တွေကို

ချော့ပေါင်းပါ။



ဒါပေမဲ့ သိပ်မပူးကပ်စေနဲ့ ၊

မင်းတို့  လက်ထပ်ပြီးတဲ့အခါ

သူတို့ ဟာ ဘာမှအရေးမပါတော့ဘဲ

ဖြစ်သွားလိမ့်မယ်။






(၈)



မင်းချစ်သူနဲ့ 

လက်ထပ်ပြီးတဲ့အခါ နေဖို့ 

နေရာစဉ်းစားတဲ့အခါ.....


နှစ်ဖက်မိဘတွေနဲ့  အနီးအနားကို

ဘယ်တော့မှ မစဉ်းစားလေနဲ့  .......။





(၉)




မင်းရဲ့  သူငယ်ချင်းစုံတွဲတွေ ဆက်ဆံရေးကို

လေ့လာပါ။



ဒါမှ

မင်းချစ်သူကို ဘယ်လိုဆက်ဆံရမလဲ

သိလိမ့်မှာ...။





(၁၀)




ကိုယ့်ချစ်သူကြောင့်တော့

ကိုယ်ရပ်တည်ချက်ကို

ဘယ်တော့မှ အပျက်မခံနဲ့ ၊



အချစ်ဟာ မင်းကို

ပိုပြီး လူဆန်အောင်လုပ်ပေးတဲ့အရာပေမယ့်

လူဖြစ်အောင်လုပ်ပေးတဲ့အရာတော့မဟုတ်ဘူး။





(၁၁)






မင်းချစ်သုက

သူ့ ကိုလက်ထပ်ဖို့ ဆိုရင်

လိုချင်တဲ့ (မင်းဖြည့်ဆည်းပေါ်ရမယ့်)အချက်တွေ

အများကြီး ပြောပြတတ်တယ်။



စိတ်ညစ် မသွားပါနဲ့ 

တွေ့ ခါစမို့ ။

ရည်းစားသက်ရင့်လာလေ

အဲဒီစာရင်းက လျှော့သွားလေပဲ



နောက်ဆုံး

လက်ထပ်ခါနီးဆို

ဘာမှတောင်ကျန်မှာ မဟုတ်ဘူး

အဲဒီလို စာရင်းဘယ်တော့မှ မလျှော့သွားသူကိုတော့

သတိထားပါ။





(၁၂)




ချစ်သူနဲ့လမ်းသွားရင်

တခြားကောင်မလေးလှလှတွေ မြင်တဲ့အခါ

မမြင်သလိုနေပါ

မကြားသလိုပြုပါ



ဒါဟာ....

မင်းကို မင်းချစ်သူအလွယ်ဆုံးသဘောကျစေနည်း

ဖြစ်တယ်။





(၁၃)




လက်မထက်ခင်မှာ

အရေးကြီးတဲ့ ကိစ္စတွေအတွက်

တစ်ယောက်နဲ့  တစ်ယောက်

ရှင်းရှင်းလင်းလင်း ခွဲခြားထားပါ၊



မကျေနပ်မှု သေးသေးလေးတွေဟာ

မကျေနပ်မှု အကြီးကြီးတွေကို ဖြစ်စေတတ်ကြောင်း

သတိပြုပါ၊





(၁၄)




မင်းချစ်သူရဲ့ မိဘတွေဆီက

အကောင်းဆုံးမျက်နှာရစေတဲ့ နည်းဟာ

သူတို့  ကိစ္စဝိစ္စတွေကို

ထိထိရောက်ရောက် ကူညီလုပ်ကိုင်ပေးဖို့ 

ဖြစ်တယ်။



တဖြည်းဖြည်း မင်းဟာ

မရှိမဖြစ် ဖြစ်လာအောင်

လုပ်ပါ။





(၁၅)




စိတ်ပါသည်ဖြစ်စေ

စိတ်မပါသည်ဖြစ်စေ

မင်းချစ်သူ ဝါသနာပါတဲ့ ကိစ္စတွေမှာ

မင်းလည်း စိတ်ဝင်စားအောင် လုပ်ပါ။



ချစ်သူဆိုတာ

တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းမတူတောင်

နားလည်လက်ခံပေးမှု ရှိသင့်တယ်။





(၁၆)




မင်းချစ်သူနဲ့  ပတ်သတ်လို့ 

မင်းလက်မခံနိုင်တဲ့ အရာကို

သူ့ ဆီ ရှင်းရှင်းလင်းလင်း အသိပေးထားပါ။



ဒါပေမယ့်

မင်းလက်မခံနိုင်တာဟာ

အဲဒီအရာသာဖြစ်ကြောင်း

သူ မဟုတ်ကြောင်းကိုလဲ

မင်းချစ်သူ ရှင်းရှင်းလင်းလင်း သိပါစေ။






(၁၇)




ရည်းစားထားချင်းဆိုတာ

ဘဝကို အခြားသူတစ်ဦးနဲ့ 

ဝေမျှနေထိုင်တတ်ဖို့ 

သင်ယူခြင်းလဲ ဖြစ်ပါတယ်။



အသိဥာဏ်၊ ပိုင်ဆိုင်မှု၊ ခံစားမှုနဲ့ 

အမြင်....အယူအဆတွေအားလုံး

မင်းချစ်သူနဲ့ 

ဝေမျှနေထိုင်တတ်ဖို့  ကြိုစားပါ။






(၁၈)




စိတ်ရှည်သည်းခံပါ။


မင်းချစ်သူမှာလည်း

ကိုယ်ပိုင်ဘဝ ရှိသေးကြောင်း

သတိပြုပါ။


ချစ်တယ် ဆိုခြင်းဟာ

မင်းကို သူ့ ကိုယ်ပိုင်ဘဝထဲမှာ

ကျူးကျော်ခွင့်ပေးထားခြင်း

မဟုတ်ပါ။





(၁၉)




သိပ်အရေးမကြီးတဲ့ ကိစ္စတွေမှာ

မင်းချစ်သူကို

အလျှော့ပေးလိုက်ပါ။


ကိစ္စသေးသေးမွှားမွှားတွေမှာ အလျှော့ပေးပြီး

တည်တည်ကြည်ကြည်နေပြခြင်းဟာ

ကြာတဲ့အခါ မင်းဩဇာပိုညောင်းစေဖို့ 

ဖြစ်စေလိမ့်မယ်။






(၂၀)




လက်မထပ်ခင်မှာ

မင်းဖုံးကွယ်၊ သိုဝှက်ထားသမျှ ဖွင့်ပြောပါ။


မင်းချစ်သူဟာ

မင်းအပြစ်အားလုံးကို နားလည်ပြီး

လက်ခံနိုင်ဖို့ ...

ဖျောင်းဖျပါ။


လူမှန်ရင်ချွတ်ယွင်းချက်မကင်းဘူး

ဒါကို မင်းချစ်သူ သဘောပေါက်ပါစေ။





(၂၁)




မင်းသူငယ်ချင်းတွေနဲ့ 

မင်းချစ်သူ ရဲ့  သူငယ်ချင်းတွေကို

ခင်မင်ရင်းနှီးသွားအောင်

အားထုတ်လုပ်ဆောင်ပါ။



မင်းတို့  ပြဿနာဖြစ်တဲ့အခါ

သူတို့ ဟာ

အကောင်းဆုံးဖြေရှင်းပေးသူတွေ

ဖြစ်လာလိမ့်မယ်။





(၂၂)




နှစ်ဦးသားလက်ထက်တယ်ဆိုတဲ့ 

ကိစ္စဟာဘဝမှာ အင်မတန်လေးနက်တဲ့ကိစ္စ ဖြစ်ကြောင်း

သဘောပေါက်ပါ။



လက်မထက်ခင်မှာ

ကြိုသိသင့်သမျှတွေ အကုန်လေ့လာပါ။






(၂၃)




နေရာတကာဝင်ပါတတ်တဲ့

ယောက္ခမလောင်းတွေကို သတိထားပါ။



မင်းတို့ ဘဝမှာ

သူတို့ မပတ်သက်စေချင်တဲ့  ကိစ္စမျိုးကို

အတိအကျ

ပိုင်းဖြတ်စည်းခြားထားပါ။





(၂၄)




ဘာစကားပြောပြော

မပြောခင် စဉ်းစားပါ။



ချစ်သူ နှစ်ယောက် ကွဲကွာသွားဖို့ အတွက်

အဓိကဖြစ်ရပ်ဟာ

စကားများချင်းနဲ့  အစပြုတတ်တယ်၊


မင်းစကားထဲကနေ...မင်းချစ်သူဟာ

မလိုလားစရာတွေ၊ သံသယဖြစ်စရာတွေ

တွေ့ သွားတတ်တယ်။


မလိုအပ်ရင် ပါးစပ်ပိတ်ထားပါ။





(၂၅)




မင်းချစ်သူရဲ့  မိဘတွေနဲ့ ဆုံတိုင်းမှာ

အကြောင်းအမျိုးမျိုးပြပြီး

လက်ဆောင်ပစ္စည်း တစ်ခုခု

ယူသွားပါ။


လက်ဆောင်ဆိုတာ

လူတွေကို ရွှင်ပြုံးစေတဲ့အရာသေးသေးဖွဲဖွဲလေး

ဲဖြစ်ဖြစ်ပါ။





(၂၆)




ချစ်နေတုန်းမှာ

မင်းချစ်သူနဲ့ ပတ်သက်သမျှ

အရာရာသည်းခံနိုင် နေတတ်တယ်။

ဒါပေမယ့်

ဒါဟာ ရေရှည်ဖြစ်နိုင်ရဲ့ လား

စဉ်းစားပါ။




Wednesday, August 3, 2011

ခေါင်းစဉ်မဲ့

ဘယ်နယ်ကလဲတဲ့ .....

အလယ်ကလူ စကားမဝဲပါ

ငါဟာ .....

ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး

ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။

ဘေးနားက အနိုင်ကျင့်ချင်တဲ့

ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့

မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့

မျက်နှာငယ် ရွှေမင်းသမီးလေးပါ။



တိုင်းပြည်ကမငယ်ပေမယ့်

မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။



ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။

ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊

အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့

ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။



ရေမလာ၊ မီးမလာလည်း

ဘာဂရုစိုက်ရမလဲ

ငွေသာရှိလို့ကတော့

အဝီစိထိ လှိုဏ်ခေါင်းတူးပြီး

အဲကွန်းဖွင့်နေလို့ရတယ်။



ဆေးလိပ်အရက် လူကိုဖျက်ဖျက်

ဝင်ငွေမပျက်

စီးပွါးတက်ဖို့ဆိုတဲ့

အတွေးအခေါ်တွေနဲ့

ဘယ်သူသေသေ

ငတေ မာဖို့သာ အဓိကပါ။



နိုင်ငံရေး၊ပညာရေး

လူမှုရေး

ဘာရေးမှ မရေးကြနဲ့

ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့

ရေးသုံးရေးရှိတယ်

ခုထိတော့ ခပ်ရေးရေးပဲ။



သားသမီး မကောင်းတော့

မိဘခေါင်းတဲ့

အမိ၊အဖက မကောင်းတော့

သားသမီး ခမျာ

ဟိုပြောင်းဒီပြောင်းနဲ့

လူလောင်းလှည့် နေကြရပေါ့။



မင်းလိပ်ပြာလုံဖို့ မလိုဘူး

မင်းနေတဲ့ အိမ်ခေါင်မိုးလုံဖို့အရေးကြီးတယ်။

မင်းစိတ်ထားဖြူဖို့ မလိုဘူး

မင်းဝတ်ထားတဲ့ အင်္ကျီဖြူရင် လူရာဝင်ပြီ။

မင်းကိုယ်ချင်းစာဖို့ မလိုဘူး

ကိုယ်ပဲ သာဖို့လိုတာပါ။



အများအကျိုးဆောင်စရာ မလိုဘူး

အကျိုးဆောင်တွေ ပေါလွန်းလို့

သူတောင်းစားတောင် ပွဲစားနဲ့တောင်းသတဲ့။

ပညာတတ်မှ ထမင်းစားရမှာ မဟုတ်ဘူး

ထမင်းဝမှ ပညာသင်လို့ရမှာ

အဖေရယ်......"သားတို့ပညာတတ်ကြီးဖြစ်အောင်

များများ စားပေးပါဦးတဲ့"

နိုင်ငံခြားက သားနဲ့သမီးက မှာတယ်။



ငါတို့မှာ ....

မြစ်ချောင်းအင်းအိုင်တွေပေါတယ်

ရေတော့ရှားတယ်။

တစ်နှစ်သုံး အလုံးတွေတော့ ပေါတယ်

အဝိုင်းတွေတော့ရှားတယ်။

ဆန်ရေစပါး ပေါများတယ်

ထမင်းတော့ နပ်မမှန်ကြဘူး။

သစ်တောတွေတော့ ပေါတယ်

ဒါပေမဲ့ တောသစ်တောင် ဝယ်ရခက်တယ်။

တချို့နေရာတွေမှာ လူချမ်းသာတွေပေါတယ်

စိတ်ချမ်းသာတွေတော့ နည်းတယ်။

ပုတ်သင်ညိုတွေ ပေါတယ်

ဒေါင်းတွေက မျိုးတုန်းနေပြီ။

စွမ်းအားရှင်တွေတော့ပေါတယ်

စွမ်းအင်ကိုတော့ ချွေတာရတယ်။

စစ်သားတွေတော့ ပေါတယ်

အမိမြေအတွက် သားအစစ်တွေတော့ရှားတယ်။

လူကြီးသားသမီးတွေတော့ပေါတယ်

လူကြီးလူကောင်းတွေတော့နည်းတယ်။

လုပ်စရာတွေ တော့ပေါတယ်

အလုပ်တွေတော့ ရှားနေတုန်းပဲ။



နီယွန်မီးတွေနဲ့ မြို့တွေကို အလှချယ်စရာမလိုဘူး

ငါတို့ဟာ ကွမ်းတံတွေးနဲ့ မြို့ကိုအလှရေးတတ်တယ်။

လောင်စာဆီနဲ့ လျှပ်စစ်မီးမလိုဘူး

ငါတို့မှာ ဖယောင်းတိုင်နဲ့ကြက်ဆူပင်ရှိတယ်။

ပညာတတ်တွေ မလိုဘူး

ငါတို့မှာ အခါတော်ပေးနဲ့ အကြားအမြင်ဆရာတွေရှိတယ်။

အနောက်တိုင်း အတွေးအခေါ်တွေမလိုဘူး

ငါတို့ဟာ အရာရာ သူများနောက်မှာပဲရှိတယ်။

ဆေးရုံ၊ဆေးခန်းတွေ များများမလိုဘူး

ငါတို့မှာ အချိန်မရွေးဝယ်လို့ရတဲ့ ကွမ်းယာဆိုင် ဆေးပေးခန်းတွေရှိတယ်။

အနုပညာသမား စစ်စစ်တွေမလိုဘူး

ငါတို့မှာ ကော်ပီသီချင်းနဲ့ ခိုးကူးခွေတွေရှိတယ်။

ဘောင်းဘီတွေ ခေတ်မစားတော့လည်း ကိစ္စမရှိဘူး

ငါတို့မှာ ပုဆိုးနဲ့ တိုက်ပုံရှိတယ်။



ဒါပေမဲ့ ငါတို့ဟာ ....

ဗင်းနစ်မြို့နဲ့ အင်းလေးကို မလဲနိုင်သလို

နှစ်ထပ်ဘတ်(စ)ကားနီနီကြီးနဲ့ ဗိုက်ပူချက်ပလက်ကြီးကို မလဲနိုင်ခဲ့ဘူး။

စပါဂတ်တီနဲ့ မုန့်ဟင်းခါးကို မလဲနိုင်သလို

ကာနေဗယ်နဲ့ သင်္ကြန်ကိုမလဲနိုင်ခဲ့ဘူး။

ဟာဝိုင်ယီနဲ့ ငပလီကိုမလဲနိုင်သလို

ဝင်ဘလေကွင်းနဲ့ ငါတို့ကတ္တရာလမ်း ဘောလုံးကွင်းလေးကို မလဲနိုင်ခဲ့ဘူး။

ဥရောပရဲ့ ဖြူဖွေးဖွေး နှင်းဖုံးလမ်းတွေနဲ့ အညာရဲ့ ဖုန်ထူထူ အလှကို မလဲနိုင်သလို

နိုင်းမြစ်ကြီးရဲ့သမိုင်းနဲ့ မြစ်ဧရာဝတီပေါ်က ဘဝတွေကိုမလဲရက်ခဲ့ဘူး။

ကုန်ကုန်ပြောရရင် ......

ငါတို့မြေ၊ငါတို့ပြည်ရဲ့ အရိပ်အငွေ့လေးကိုတောင် ဘာတွေနဲ့မှ မလဲနိုင်ခဲ့ဘူး။



ငါတို့တွေဟာ ဘယ်ကိုပဲရောက်ရောက်

အချိန်တန်အိမ်ပြန်ကြတဲ့ ဆော်လမွန်ငါးတွေလို

မရောက်ရောက်အောင် ပြန်လာကြမှာပါ .....။



အနည်းဆုံးတော့ .....

ဒီမြေမှာ သေဖို့ သက်သက်မွေးဖွားခဲ့သူလို

ပြန်လာကြမှာပါ။



......

မောင်ရင်ငဇေ

မှော်ဆရာ ဖိုရမ်ကပေးဝေလာတာလေးပါ....
သဘောကျမိပါသည်။

Saturday, February 14, 2009

myoautmin

မြို့အုပ်မင်း(ပထမပိုင်း)


မြန်မာနိုင်ငံမြေလတ်အရပ်မြို့ငယ်တစ်ခုသို့တစ်ခါကအမျိုးသားကျောင်းကြည့်ရူရန်သွားရ၏။သင်္ဘောံဖြင့်လာခဲ့ရာလမ်းတွင်ရွာတစ်ခုသို့ခေတ္တဆိုက်ကပ်ရ၏။
ကမ်းထိပ်တွင်လူခံ့ခံ့တစ်ယောက်ကာကီဘောင်းဘီတို၊အကျီင်္ိလက်တို၊ဦးထုပ်၊နေရောင်ကာမျက်မှန်၊တုက်ကောက်တို့ကိုဝတ်ဆင်ကိုင်ဆွဲကာမြင်ရ၏။အနီးတွင်ရွာသားကိုးယောက်ဆယ်ယောက်မျှခြံရံလျှက်ရှိ၏သားရေအိပ်၊အိပ်၊ရေဘူး၊လက်ဆွဲခြင်း၊စာခြင်းတို့ကိုလည်းမြင်ရ၏။ငှက်ပျောခိုင်၊အုန်းခိုင်၊အုန်းသီးတို့ကိုလည်းမြင်ရ၏ဧကန္တအစ်ုးရအရာရှိတစ်ယောက်ဖြစ်ရမည်။ဘာအရာရှိပါလိမ့်။
သဘောင်္မှာအငယ်စားနှစ်ထပ်ဖြစ်၍ဒုတိယအခန်းမပါချေ။ကုန်းပတ်နှင့်ဦးခန်းပထမအခန်းသာပါ၏။ကျွန်ုပ်မှာလည်းအလုပ်ကလေးရှိသည်နှင့်၎င်းဦးခန်းတွင်စီးနင်းခဲ့၏။ကျွန်ုပ်သည်ထိုအရာရှိကိုနောက်ထပ်မကြည့်ဘဲစာကြည့်နေ၏။
မကြာမိပ်င်ထိုအရာရှိ၏တပည့်နှစ်ယောက်သည်ဦးခန်းတွင်ပစ္စည်းတို့ကိုနေရာချလာ၏။ငှက်ပျောခိုင်၊အုန်းခိုင်တို့မှာကျွန်ုပ်နားတွင်ရောက်နေ၏၊စောင်းငဲ့ကြည့်လိုက်ရာကြက်ဥခြင်းကိုလည်းထပ်၍တွေ့ရ၏
အင်း.....သူတို့အစိုးရဘက်ဒီလိုချည်းပဲ။ငှက်ပျော၊အုန်း၊ကြက်ဥဒါတွေပဲလုပ်နေကြတာထင်ပါရဲ့။ဒါတွေဟာအရပ်သားတွေကမရှိမဲ့ရှိမဲ့နဲ့လက်ဆေညင်ပေးကြတာတွေပဲ။မျက်နှာရဖို့ပေးရတာကြောက်လို့ပေးရတာတွေလည်းပါချင်ပါမှာပဲ ဟူ၍ထိုတွေ့ရမည့်အရာရှိကိုစိတ်ထဲဘာတာတာရှိသွား၏။
များမကြာမှီပင်ရှေ့တော်ပြေးဖိနပ်သံခပ်ပြင်းပြင်းကိုကြားရပြီးနောက်စားပွဲတဖက်တွင်ကုလားထိုင်တခုကိုဆွဲ၍ထိုင်သည်ကိုရိပ်ရိပ်မြင်လိုက်၏စိတ်ထဲတွင်ဘာတာတာရှိ၍ပင်လှည့်၍မကြည့်ဘဲကိုယ့်စာကိုယ်စိုက်ကြည့်နေလိုက်၏
နှစ်မိနစ်သုံးမိနစ်မျှကြာသောအခါဟလို...အိုင်ဆေး၊အောင်မယ်မင်းနှယ်ကွာဟုအသံကြားမှလှည့်မော့ကြည့်လိက်ရာအလွန်ရင်းနီးသောမိတ်ဆွေသူငယ်ချင်းဖြစ်နေသည်ကိုတွေ့ရတော့၏။ထိုသူငယ်ချင်းကားကောလိပ်ကျောင်းရောက်ခါစ၊ဘယ်လိုကံဖန်တီးသည်မသိရ၊ထိုသူနှင့်အလွန်ချစ်ကြည်ရင်းနှီး၍တခန်းထည်းတွင်အိပ်ရာယှဉ်၍နေရ၏သွားအတူ၊လာအတူ၊နေအတူ၊စားအတူမခွဲကြသောသူငယ်ချင်းနှစ်ယောက်ဖြစ်၏။သလောချင်းလည်းများသောအားဖြင့်တူ၏။မြန်မာစာပေကိုအထူးသဖြင့်လိုက်စားကြ၏၊သတင်းစာဖတ်ဝါသနာရှိကြ၏။မကြာမှီပင်ဆောင်းပါးများဝင်ရောက်ရေးသားကြ၏။ပြင်ပပြင်လွင်အစည်းဝေးများသို့ရောက်ကများသည်။တခါတခါလည်းဝင်ရောက်စွက်ခဲ့ကြ၏။ကျောင်းတွင်အသင်းအမျိုးမျိုးထောင်ရာ၌ကျွန်ုပ်တို့လက်ချက်မကင်းချေ။
ထိုသို့နေခဲ့ကြရာ၁၂၈၂ခုသပိတ်မှောက်ကိစ္စပေါ်သောအခါနှစ်ယောက်လုံးပင်ထွက်ခဲ့ကြ၏။သို့ရာတွင်တစ်လအကြာ၌ထိုကျွန်ုပ်၏သူငယ်ချင်းမှာကောလိပ်ကျောင်းသြိ့ပြန်သွား၏။သွားရောက်ခြင်းကားအရေးပိုင်တစ်ယောက်သမီးနှင့်မိဘများကစေ့စပ်ထားရာထိုနှစ်၌ဘီအေစာမေးပွဲကိုအေညင်မြင်မှသာပေးစာရန်စကားတစ်ခုထားရသောဟူ၏။ထိုအရေးပိုင်သမီးမှာကျွန်ုပ်တို့ကောလိပ်တွင်ရှိ၍ကျွန်ုပ်တို့အေညက်တစ်တန်းငယ်၏။ကျွန်ုပ်နှင့်လည်းရင်းနှီးခင်မင်ပါ၏.၄င်းအမည်ကားမတင်ဖြစ်၏။ထိုဧရာမအကြောင်းကြောင့်ခမျာမှာစိတ်လေးလေးနှင့်ပြန်ရခြင်းဖြစ်၏။မည်သို့ပင်ဖြစ်စေထိုသို့ပြန်သွားခြင်းအတွက်ကျွန်ုပ်သည်အထင်အမြင်သေးခဲ့လေပြီ။မကြေမချမ်းရှိခဲ့လေပြီ။ကျောင်းပြန်ရောင်၊ဘီအေအောင်၊အရေးပိုင်သမီးရ၊မြို့အုပ်ဖြစ်သွားပြီဟူသောသတင်းကိုလည်းကြားခဲ့ရ၏။ထိုသို့အထင်အမြင်သေး၊စိတ်မကြေချမ်းစဖြင့်လည်းယခုတွေ့ရသည့်အခါ၌ကျွန်ုပ်ကခပ်တန်းတန်းမျက်နှာထား၍နေလိုက်၏။
ထို့မြို့အုပ်ကဟလို...အိုင်ဆေး၊မင်းနှယ်ကွယ်၊အဆင်သင့်လိုက်တာ၊မင်းကိုတွေ့ချင်နေတာအတော်ကြာနေပြီ၊အခုအဆင်သင့်ပဲလာတွေ့ရတယ် ။ ။ဆက်ပါမည်။

Wednesday, February 4, 2009

ဒုက္ခဟာ ပျားရည်လိုချိုတယ်




လူတစ်ယောက်ဟာလိပ်ပြာဖြစ်လာမယ့်  ပိုးတုံးလုံးလေးတစ်ကောင်ကိုတွေ့ မြင်ခဲ့ပါတယ်။တစ်နေ့ တော့ ပိုးအိမ်မှာအပေါက်သေးသေးလေးပေါ်လာတယ်။ဒါနဲ့ အဲ့ဒီလူဟာအဲဒီအပေါက်သေး
သေးလေးကနေတွန်းထွက်ဖို့ 
လိပ်ပြာကလေး ရုန်းကန်ကြိုးစားနေတာကိုနာရီပေါင်းများစွာစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမယ့်ဘာမှတိုးတက်ဖြစ်ပေါ်လာတာမတွေ့ ရဘဲရပ်သွားတယ်။ကြာ့်ရတာ လိပ်ပြာလေးဟာသူတတ်
နိုင်ဟလောက်တိုးထွက်ပေ
မယ့် ရှေ့ မတက်နိုင်၊မသွားနိုင်ပုံပါပဲ ။
အဲ့ဒါနဲ့ အဲဒီလူဟာ လိပ်ပြာလေးကိုကူညီဖို့ ဆုံးဖြတ်လိက်ပါတယ်။သူဟာကပ်ကြေးတစ်လက်ကိုယူပြီးပိုးအိမ်ကိုကိုက်ဖြတ်လိုက်ပါတယ်။လိပ်ပြာလေးလွယ်လွယ်နဲ့ ထွက်လာနိုင်အောင
်ပေါ့ ။ဒါပေမယ့်လိပ်ပြာလေး
ရဲ့ ခန္ဓာကိုယ်ဟာသေးကွေးကြုံလှီနေပြီး တောင်ပံတွေဟာလည်းတုန်ယင်လို့ နေရှာတယ်။အဲ့ဒီလူဟာတက်ပြီးစောင့်ကြည့်နေတယ်။သူမျှော်လင့်တာကတစ်ချိန်ချိန်မှာ လိပ်ပြာလေးဟာသူ့ တောင်
ပံတွေကိုဖြန့် ကားပြီးသူ့ 
ခန္ဓာကိုယ်ကိုထိန်းနိုင်မယ်၊ထပြီးပျံသန်းနိုင်ရမယ်လို့ ပေါ့ ။
ဘာမှဖြစ်မလာပါဘူး။တကယ်ဆိုရင်လိပ်ပြာလေးဟာသူ့ ဘဝတစ်လျှောက်လုံးတုန်ယင်နေတဲ့တောင်ပ့တွေနဲ့ လိမ်ဖယ်လိမ်ဖယ်၊ထွားသွာ့းအီးနေရပါတော့တယ်ဘ်ာတော့မှမပျံနိုင်တော့ပါ
ဘူး။အဲ့ဒီလူရဲ့ ကြင်နာသ
နားမှုနဲ့ လက်မြန်ခြေမြန်လုပ်မှုဟာသဘာဝဥပဒေသတွေကိုနားမလယ်လို့ ပါ။လိပ်ပြာတစ်ကောင်ဟာပိုးအိမ်ရဲ့ အပေါက်သေးသေးလေးကနေတိုးထွက်ဖို့ ပိုးအိမ်လေးကနေတမင်ဖန်တီးပေးထား
တာပါ။အဲ့ဒီလိုတိုးထွက်ဖို့ 
ကြိုးစားမှခန္ဓာကိုယ်ထဲကအရေတွေဟာတောင်ပံတွေဆီဖြန့် ကျက်ပေးနိုင်ပြီးပိုးအိမ်ထဲကလွတ်မြောက်လာနဲ့ ပျံဖို့ အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။ဒါဟာသူ့ သဘောသူ့ သဘာဝပါ။
တစ်ခါတစ်ခါတော့ကျွန်တော်တို့ ဘဝမှာတကယ်လိုနေတာကကြိုးစားရူန်းကန်မှုဖြစ်ပါတယ်။တကယ်လို့ သဘာဝတရားကြီးကသာကျွန်တော်တို့ကိုဘာဒုက္ခမှမကြုံစေရဘဲလွယ်လွယ်နဲ
့ဖြစ်တည်ခွင့်ပေးခဲ့ရင်
ကျွန်တေည်တို့ ဟာချိနဲ့ သူတွေဖြစ်ကုန်တော့မှာပေါ့။ကျွန်တော်တို့ အခုခွန်အားသန်မာကြံခိုင်ကြသလိုဘယ်တော့မှမပျံသန်းနိုင်ကြတော့ပါဘူး။တကယ်တွေးတော့ဒုက္ခဟာကျားရည်လိုချိုတာအ
မှန်ပါ။ ။

ဒုက္ခဟာ ပျားရည်လိုချိုတယ်လူတစ်ယောက်ဟာလိပ်ပြာဖြစ်လာမယ့်  ပိုးတုံးလုံးလေးတစ်ကောင်ကိုတွေ့ မြင်ခဲ့ပါတယ်။တစ်နေ့ တော့ ပိုးအိမ်မှာအပေါက်သေးသေးလေးပေါ်လာတယ်။ဒါနဲ့ အဲ့ဒီလူဟာအဲဒီအပေါက်သေးသေးလေးကနေတွန်းထွက်ဖို့ လိပ်ပြာကလေး ရုန်းကန်ကြိုးစားနေတာကိုနာရီပေါင်းများစွာစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမယ့်ဘာမှတိုးတက်ဖြစ်ပေါ်လာတာမတွေ့ ရဘဲရပ်သွားတယ်။ကြာ့်ရတာ လိပ်ပြာလေးဟာသူတတ်နိုင်ဟလောက်တိုးထွက်ပေမယ့် ရှေ့ မတက်နိုင်၊မသွားနိုင်ပုံပါပဲ ။ အဲ့ဒါနဲ့ အဲဒီလူဟာ လိပ်ပြာလေးကိုကူညီဖို့ ဆုံးဖြတ်လိက်ပါတယ်။သူဟာကပ်ကြေးတစ်လက်ကိုယူပြီးပိုးအိမ်ကိုကိုက်ဖြတ်လိုက်ပါတယ်။လိပ်ပြာလေးလွယ်လွယ်နဲ့ ထွက်လာနိုင်အောင်ပေါ့ ။ဒါပေမယ့်လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်ဟာသေးကွေးကြုံလှီနေပြီး တောင်ပံတွေဟာလည်းတုန်ယင်လို့ နေရှာတယ်။အဲ့ဒီလူဟာတက်ပြီးစောင့်ကြည့်နေတယ်။သူမျှော်လင့်တာကတစ်ချိန်ချိန်မှာ လိပ်ပြာလေးဟာသူ့ တောင်ပံတွေကိုဖြန့် ကားပြီးသူ့ ခန္ဓာကိုယ်ကိုထိန်းနိုင်မယ်၊ထပြီးပျံသန်းနိုင်ရမယ်လို့ ပေါ့ ။ ဘာမှဖြစ်မလာပါဘူး။တကယ်ဆိုရင်လိပ်ပြာလေးဟာသူ့ ဘဝတစ်လျှောက်လုံးတုန်ယင်နေတဲ့တောင်ပ့တွေနဲ့ လိမ်ဖယ်လိမ်ဖယ်၊ထွားသွာ့းအီးနေရပါတော့တယ်ဘ်ာတော့မှမပျံနိုင်တော့ပါဘူး။အဲ့ဒီလူရဲ့ ကြင်နာသနားမှုနဲ့ လက်မြန်ခြေမြန်လုပ်မှုဟာသဘာဝဥပဒေသတွေကိုနားမလယ်လို့ ပါ။လိပ်ပြာတစ်ကောင်ဟာပိုးအိမ်ရဲ့ အပေါက်သေးသေးလေးကနေတိုးထွက်ဖို့ ပိုးအိမ်လေးကနေတမင်ဖန်တီးပေးထားတာပါ။အဲ့ဒီလိုတိုးထွက်ဖို့ ကြိုးစားမှခန္ဓာကိုယ်ထဲကအရေတွေဟာတောင်ပံတွေဆီဖြန့် ကျက်ပေးနိုင်ပြီးပိုးအိမ်ထဲကလွတ်မြောက်လာနဲ့ ပျံဖို့ အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။ဒါဟာသူ့ သဘောသူ့ သဘာဝပါ။ တစ်ခါတစ်ခါတော့ကျွန်တော်တို့ ဘဝမှာတကယ်လိုနေတာကကြိုးစားရူန်းကန်မှုဖြစ်ပါတယ်။တကယ်လို့ သဘာဝတရားကြီးကသာကျွန်တော်တို့ကိုဘာဒုက္ခမှမကြုံစေရဘဲလွယ်လွယ်နဲ့ ဖြစ်တည်ခွင့်ပေးခဲ့ရင်ကျွန်တေည်တို့ ဟာချိနဲ့ သူတွေဖြစ်ကုန်တော့မှာပေါ့။ကျွန်တော်တို့ အခုခွန်အားသန်မာကြံခိုင်ကြသလိုဘယ်တော့မှမပျံသန်းနိုင်ကြတော့ပါဘူး။တကယ်တွေးတော့ဒုက္ခဟာကျားရည်လိုချိုတာအမှန်ပါ။ ။

Wednesday, December 10, 2008

အဲဒါ .....
မနေ့ကတင် ဖြစ်ခဲ့တာပါ
___
(၁)
ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက
ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ....
ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း
ငါမပါဘဲ ထွက်ခွါသွားခဲ့ပြီ ..
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီ(ရယ်)ခွင့်ပြုပါ။

(၂)
ရေကန်က အသင့်ဖြစ်နေပြီလေ ..
ကြာတွေက မပွင့်သေးတာပါ။
မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ့်ဆိုရင်
ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်.....။

(၃)
တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ
တစ်ချို့လူတွေက ကောက်ရကြ
တစ်ချို့လူတွေက စုဆောင်းကြ.....
တစ်ချို့လူတွေက ရှေ့ကဆက်လျှောက်ကြ...။

အားလုံးမှာ တံခါး နှစ်ပေါက်စီရှိတယ်... လှေခါး နှစ်စင်းစီရှိတယ်၊
(ထပ်ပြောလိုက်ဦးမယ်..)
အားလုံးရဲ့ နာရေးခရီးကိုလည်း
နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသားရှိတယ်.....။

(၄)
ငါက
အမှန်တရားရဲ့ မျက်နှာကို တစ်ရွာထင်ခဲ့သူပါ.....။

(၅)
ကလေးဘ၀....
လက်ရေးလှ စာအုပ်ထဲက ၀လုံးရွဲ့စောင်းစောင်းလေးကို
နဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ
ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။

(၆)
စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ
ခြေလှမ်းတွေက ကျဲခဲ့တယ်..
ဘာတတ်နိုင်မှာလဲ ..
ဒါ....“ချိန်းဆိုချက်”တစ်ခုပါ
ငါ ရောက်အောင် လာခဲ့တယ် .....
ဘယ်သူ့မျက်နှာကိုမှာ လျှာနဲ့လျက်ဖို့မဟုတ်
ငါ့ အလုပ်က
လမ်းမှာ တွေ့ရသမျှ မီးအိမ်တွေကို
လိုက်လံ ထွန်းညှိဖို့ပါပဲ.....။

(၇)
လူတွေ.. လူတွေ.....လမ်းလျှောက်ရင်း သေနေကြ
မြင်မြင်သမျှ အရာအားလုံးဟာ
သားဆိုးမအေ ဆန်လို့။
“ဘာဖြစ်တာလဲ...? ဘာဖြစ်တာလဲ.. ?
အဲဒါ ဘာဖြစ်နေကြတာလဲ....?”
အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်လို
ငါ.....စပ်စုမိ။

နောက် တစ်နာရီလောက်အထိ ဖြစ်ဖြစ်တော့
လူတန်းစေ့အောင် အသက်ရှုလိုက်ကြစမ်းပါ..
ဘာကို စိုးရိမ်နေကြတာလဲ.....?

ဟစ်တလာတောင်မှ သူ့ရဲ့စစ်ပွဲခရာကို
ခုထိ မမှုတ်ရသေးဘူးလေ..
ဒုတိယကမ္ဘာစစ်မဖြစ်ခင်
မိနစ်(၆၀)လောက်တော့
ငါတို့ ကော်ဖီသောက်ချိန်ရပါသေးတယ်။

(၈)
မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား
___

တစ်ခါတရံ
ငါ.....ကြေးစားဆန်ပစ်လိုက်တယ်
ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ .....။

ဒါပေမယ့် ..
အိပ်ယာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်
နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး၊
အဲဒီလို....သိပ်အကြောင်းမထူးတဲ့အခါ
ကြေးစားဘ၀ကို ငါ ငြီးငွေ့လာပြန်ရော..... ။

အရှုံးတွေကို
တံဆိပ်ခေါင်းလို တယုတယ
စုနေခဲ့တုန်းကတော့
ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..

ကြည့်စမ်း !!
ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက
လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။

(၉)
“ဘ၀ပေးပြီး ရွေးရမယ်...”တဲ့
နိုဝင်ဘာရဲ့ ကြေးက ကြီးတယ်....
(လဲပြီးသေလိုက်ကြပါလား အမျိုးကောင်းသားတို့ရေ..)
“အမှန်တရား”ဆိုတဲ့ ငနဲကလည်း
ပြဇာတ်မင်းသား ဆန်နေလိုက်တာ....

သူ့ကို လူပြောသူပြောများတာ တစ်ခုတည်းနဲ့ပဲ
အကျေနပ်ကြီး ကျေနပ်
ကိစ္စပြတ်နေတော့တာပဲ။

(၁၀)
နာကျည်းစရာ မကောင်းပါဘူး....
ပျင်းစရာပဲ ကောင်းနေသေးတော့ရဲ့.....။

(၁၁)
ငါ့ မွေးနေ့ကို ခရီးဦးကြိုပြုဖို့မလို
ငါ့ ဈာပနကိုလည်း ကျင်းတူးပေးဖို့ အကြောင်းမရှိ
ငါ့မျက်လုံးတွေ ပျင်းရိပျင်းတွဲ အေးစက်တတ်ဖို့နဲ့
သွေးမပျက်တတ်သူတွေသာ
နောက်ဆုံးမှာ အသက်ရှင်ကျန်မယ့်အကြောင်း
ကြေးစားဘ၀က
ငါ့ကို ကောင်းကောင်းသင်ကြားပေးခဲ့ပြီ.....။

(၁၂)
မီးကုန်ယမ်းကုန် အိပ်စက်ခဲ့တာတောင်မှ
အိပ်မက်တွေက မစို့မပို့နဲ့ကောင်....။
(ကိုယ့်ကိုယ်ကိုယ် လှောင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့်....)
အသံထွက်အောင်ကို ငါ ရယ်လိုက်မိတော့တယ် ..

(၁၃)
ငါ .. ပုံပျက်ပန်းပျက်
ငါ .. ပြောင်းတိပြောင်းဆန်
ငါ .. ကျွမ်းထိုးမှောက်ခုံ
အဲဒီလိုဖြစ်နေတဲ့ ငါ့ပုံကို
ကော်ဖီခါးခါးတစ်ခွက်ငုံလို့ ငါထိုင်ကြည့်
ပုခုံးလေးတောင် တွန့်ပြခဲ့မိသေးတယ်။

(၁၄)
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ..
မင်းရဲ့အနမ်းတွေကို
စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ..
မင်းဘက်က အဆင်သင့်ဖြစ်ရင်
အကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက
ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်။

မင်းခိုက်စိုးစန်

Sunday, December 7, 2008

testing three

ရဲလေးရဲ့ အချစ်ရဲ့ တနေ့တာမဟုတ်ပါဘူး...ရဲလေးရဲ့ အချစ်ရဲ့ တနေ့တာမှာ သူ့မိန်းမ(ရည်းစားလားတော့မသိပါ) နဲ့ Access လုပ်ဖို့ကြိုးစားတယ်...ရန်တွေဖြစ်ရတယ်.. စိတ်တွေညစ်ရတယ်..ကျွန်တော့်ရဲ့ Ubuntu Linux နဲ့ တနေ့တာကတော့ Inernet ကို Access လုပ်ဖို့ကြိုးစားတယ်..မရဘူး.. စိတ်တွေတိုရတယ်.. စိတ်တွေရှုပ်ရတယ်..ခေါင်းတွေ စားရတယ်..ဒီနေ့လည်း စိတ်ကတော်တော်ကုန်တာပဲ...လူတော်တော်များများက Ubuntu ကိုသုံးကြည့်လို့ ပြောလွန်းလို့ စမ်းလိုက်ပါတယ်...ရွာပတ်တာပဲ...သူ့ Install ပုံစံက Fedora , SuSe လိုမျိုးမဟုတ်ဘူး...တကယ်ဗျာ.. ခပ်လန့်လန့်နဲ့ install သွင်းလိုက်တာ..ကျွန်တော့် Vista ပျက်ရင်သေပြီပေါ့..ဒီလိုပဲ.. စမ်းရင်းနဲ့ သွင်းလို့ပြီးသွားပါတယ်..မြန်လည်မြန်တယ်...စစမ်းကာစတော့ ဟုတ်နေတာပဲ...Ubuntu က SuSe ထက် သာမန် user တစ်ယောက်သုံးရတာလွယ်တာပေါ့...နောက်ပြီး လှလည်းလှတယ်... မဆိုးဘူးပေါ့ဗျာ..သုံးရတာမိုက်တယ်ပေါ့...မကြာပါဘူး... ပြသနာစပါတော့တယ်..SuSe မှာတော့ internet မချိတ်ဘူးဖူး..Fedora တုန်းကလည်း ကျွန်တော့် moderm ကိုမသိဘူး..အခုဖြစ်ပြန်ပြီ Ubuntu ကလည်း moderm ကိုမသိ...root နဲ့ကဝင်လို့မရ...permession တွေက Fedora နဲ့ SuSe လိုမဟုတ်...terminal ကနေ ဝင်ပြင်နေရတယ်...SuSe နဲ့ Fedora တုန်းကဆို permission တွေ ခေါင်းစားစရာမလိုဘူး..root နဲ့ဝင်လိုက်ရှင်းတယ်..အခုက နည်းနည်းတော့ ရှုပ်သွားတယ်..နည်းနည်း စာပိုရိုက်လိုက်ရတာပေါ့ဗျာ..Font ထည့်ရတာတော့လွယ်တယ်.. SuSe က font အသစ်ထည့်ရတာ ရှုပ်တယ်..ကျွန်တော် မသိလို့လဲ ဖြစ်မှာပေါ့..ကျွန်တော် SuSe တုန်းက font ကို Terminal ကနေထည့်ရတယ်..Ubuntu မှာတော့ မဆိုးဘူး../usr/share/fonts/ttf အောက်မှာ Paste လုပ်လိုက်ရင်ရပြီ..နေရာက နည်းနည်းတော့ လွဲနေမယ်..မမှတ်မိတော့လို့...အစကတော့ Ubuntu နဲ့ internet သုံးပြီး ကြွားမလို့ပဲ..အခုတော့ တနေ့ကုန်သွားတယ်..ရသေးဘူး..အစက configure တွေလိုက်ပြင်..proxy address တွေထည့်မရဘူး..ဟိုဖတ်ဒီဖတ်ရင်း Gnome PP ဆိုလားမသိဘူး..အဲဒါနဲ့ စမ်းကြည့်တဲ့...သူက Proxy Configure လုပ်တာ...user name တွေ pwd တွေအဲမှာထည့်...Proxy address တွေအဲမှာထည့်တဲ့...ကဲ..ဟုတ်ပြီဗျာ..စမ်းမယ်ဆိုပြီး အဲဒါကို သွင်းပြီး add/remove ထဲသွားလိုက်တယ်..Install လည်းသွင်းရော...ကောင်းရောဗျာ..Internet Connection လိုပါတယ်တဲ့...Install သွင်းဖို့..ကျွန်တော့်မှာ တဟားဟားနဲ့ Computer ရှေ့မှာ ထိုင်ရယ်နေတာ...တကယ်ဗျာ..Internet ချိတ်ဖို့ Install လုပ်ပါတယ်ဆိုမှ...Internet Connection ရှိမှ Install လုပ်လို့ရမယ်ဆိုတော့...ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်..နောက်တော့ သေသေချာချာ စာတွေ ပြန်ဖတ်...နောက်ဆုံးတော့ Moderm ကိုမသိတာဖြစ်နေတယ်..ကဲ ဘာဆက်လုပ်ရမလဲ..ကျွန်တော့် moderm က D-Link (DFM-562IS) Internal Moderm ကိုမသိဘူး...Internet မှာရှာတော့လည်း Windows XP အတွက်ပဲရှိတယ်..Linux ကရှာမရ...နောက်ဆုံးတော့လည်း Vista ကိုပြန်လာခဲ့ရတာပဲ..Vista ကနေပဲ internet ပြန်သုံးနေရပါတယ်...

from saturngod's blog